ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ကြံခင်း   ဖေဖော်ဝါရီ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ (၁) နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့များနှင့် စာပေဖတ်ရှုလေ့လာသူ ပြည်သူများမှ ခင်းကျင်းပြသထားသော သုတစာပေများ၊ ရသစာပေ၊ အပျော်ဖတ်ရုပ်ပြ၊ ကာတွန်းစာအုပ်မျိုးစုံအား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

ထိုနောက် ၂၀၂၂ - ခုနှစ်  ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) နံရံကပ်စာစောင်ပြသရာ  ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊  တိုင်းရင်းသားသွေးချင်းတို့အကြောင်း၊  လှမ်းစို့တူပြိုင် ပြည်ထောင်စုပန်းတိုင်၊  ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှု၊ "ပြည်ထောင်စုနေ့ဟူသည်" ကဗျာ၊ ဆောင်းပါးများကို ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန် အသိပညာပေး ပြသထားကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)