ရန်ကုန် ဇူလိုင် ၁၆
ရန်ကုန်မြို့အခြေစိုက် ပါကစ္စတန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tariq Karim နှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမတွင် ဂါဝရပြုတွေ့ဆုံခဲ့ သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည် ရင်းနှီးမှုနှင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)