သတင်းများ

မိုင်းပျဉ်းမြို့ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 16,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟော‌ပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်ပြပွဲများကျင်းပ
Jul 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာဖတ်/မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော
Jul 16,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ဥပဒေနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း၌ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မြို့သစ်မြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြပွဲကျင်းပ
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်အတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်ပြပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူခရိုင်အဆင့် (ဒုတိယအကြိမ်)မိုးရာသီ စု‌ပေါင်းသစ်ပင်စိုက်ပျိုး‌ပွဲတော် ကျင်းပ
Jul 16,2026
မကွးတိုင်းဒေသကြီး ပခုက္ကူခရိုင်အဆင့် ၂၀၂၆ ခုနှစ် (ဒုတိယအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မင်းတုန်းမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုပြုလုပ်
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ်(၂)ရက်ကွက်ရှိ စျေးနှင့် အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာစျေးကြီးတွင် ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲမှု ဖြစ်ပွား
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ညနေ(၃)နာရီအချိန်ခန့်က သစ်ပင်လဲပြိုမှုဖြစ်ပွားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 16,2026
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။