ပဲခူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့အ.လ.က (ခွဲ)စိန်ထွန်းတွင် ယမန်နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.လ.က(ခွဲ)စိန်ထွန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမား၏ အဓိပ္ပာယ် ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ကလေးသူငယ်များအား လုပ်ကိုင်ခွင့်မပြုသင့်သည့်နေရာများ၊ ကလေးသူငယ်များအား ခိုင်းစေခြင်းမပြုရမည့်အလုပ်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၊ ကလေးလုပ်သားဖြစ်ရခြင်း၏အကြောင်းရင်းများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များတို့ကိုလည်းကောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အအသိပညာပေးရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးတို့ကို ပြသခဲ့ပြီး သုံးဘီးမော်တော်ယာဉ်နှင့် နယ်လှည့် Mobile Library အနေဖြင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှုကြည့်ရှုလေ့လာ ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)