သတင်းများ

မင်းဘူး(စကု)မြို့နယ်၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအား ချေးငွေများပေးအပ်
Jul 16,2026
မကွေးတိုင်း‌ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှချေးငွေဖြင့် စိုက်ပျိုးရေရရှိရေး ဆိုလာနှင့် ရေတင်ပန့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်မည့် ဒေသခံတောင်သူများအတွက် ပဥ္စမအကြိမ် ချေးငွေများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့် အညီ ၊‌ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင် ထားရှိသည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ‌တိုက်ရိုက် ထိတွေ့ ဆွေးနွေးခွင့်ရရှိစေရန်ရည်ရွယ်၍  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၌ ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများတူးဖော်ဆောင်ရွက်
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မင်းဘူးမြို့ အမှတ်(၄) သစ်ချိုကုန်းရပ်ကွက် ၁၆ လမ်းတွင် ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်လုပ်ကိုင်နေကြကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Jul 16,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဂန့်ဂေါမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့မွန်းလွဲပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ကျောက်မဲခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 16,2026
​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့၌ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းကောင်စီဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဆင်ပေါင်ဝဲ) ကျောင်းရှိ ဘောလုံးကွင်း၌ ကျင်းပသည်။