ပန်းဘဲတန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းပဲတန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန့်နေ့ နံနက် ၁၀ နာရီ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများနှင့် ကာယဥာဏပြိုင်ပွဲများအား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက ကျောင်းသူ/ကျောင်သားများကို စာဖတ်ခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ်များ ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာဗဟုသုတ ကြွယ်ဝစေရန်နှင့် ဗလငါးတန်း ပြည့်စုံမှသာ ရရှိလာသော အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောသည်။
ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်၊စာစောင်များကို လေ့လာဖတ်ရှုကြပြီး ကာယဉာဏ ပြိုင်ပွဲများ ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊စကားပုံဆက်ပြိုင်ပွဲများ ၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ကျင်းပခဲ့ရာ အခြေခံပညာအထက်တန်း အမှတ် (၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို စာရေးကိရိယာ ပစ္စည်းများဖြင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်သည်။
ခင်ဝင်းမူ(ပြန်/ဆက်)