ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရွှေကျင် ဇူလိုင် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းကမ်းများ၊ အမှတ်ပေး နည်းစနစ်များကို ပြောကြားပေးခဲ့သည်။ ထို့နောက် မကျည်းတန်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ကျောင်းသူတို့က မိမိတို့ကြိုက်နှစ်သတ်သည့် ကဗျာများအား အဖြတ်အတောက် အသံနေအသံထား မှန်ကန်စွာဖြင့် ကဗျာများကို ရွတ်ဆိုပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစု‌အောင်က ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)