စက်သုံးဆီအရောင်းဆိုင်များ သက်မှတ်စည်းကမ်းများနှင့်အညီ ရောင်ချစေရေး စစ်ဆေး

ညောင်တုန်း ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သက်မှတ်စည်းကမ်းများနှင့်အညီ ရောင်ချစေရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်‌ဆေးသည်။

စစ်ဆေးရာတွင် မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ထိန်သိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များတွင် တရားမဝင်စက်သုံးဆီ ရောင်ချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချ‌‌စေရေး၊ အချင်အတွယ်မှန်ကန်မှုရှိ‌စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စက်သုံးဆီများ သိုလှောင်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)