ကျောက်တံတားမြို့နယ်၌ ရှုပ်ထွေးဆက်သွယ်ရေးကြိုးများရှင်းလင်း

ကျောက်တံတား  ဇူလိုင်၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၃၄-လမ်းတစ်လျှောက်ရှိ ဓာတ်အားလိုင်းတိုင်များတွင် ချိတ်ဆွဲသွယ်တန်းထားသည့် ဆက်သွယ်ရေးကြိုးနှင့် ဝိုင်ဖိုင်ကြိုးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းရာတွင် မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ လက်ထောက်လျှပ်စစ်အင်ဂျာနီယာ ဦးထင်ကျော်၊ မြန်မာ့ဆက်သွယ်ရေးမြို့နယ်တာဝန်ခံနှင့် သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံများမှ ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါရှင်းလင်းဆောင်ရွက်ရာသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင့်ဝေနှင့် မြို့နယ်စည်ပင်သာယာမှ လက်ထောက်ဦးစီးမှူး ဦးကျော်ဇင်ထွန်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)