သတင်းများ

ဖောင်းပြင်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန်၊ သဘာဝတောများ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်းစိမ်း လန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့သို့သွားရာ ကားလမ်းနံဘေး မြေပုံအညွှန်း 46R- 861855 ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်
May 23,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ပွဲ ကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၉၀ တောင်သူ ဦးစိုးဝင်း၏ လယ်မြေတွင် မြေဆီလွှာထိန်းသိမ်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် (Green Menure) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိ စေရန်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၅၀)ဦးအား Booster (Astra Zeneca) ကာကွယ်ဆေးများထိုးနှံပေး
May 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့   အသက်(၄၀) အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင်  ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ရေဆင်း(၁)စပ်မျိုးနေကြာ နည်းစနစ်မှန် အစေ့ထုတ်လုပ်မှု ကွင်းဆင်း သရုပ်ပြပွဲကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးနေကြာ (၈၅၄၇) ဧက၊ ဆောင်းနေကြာ (၃၆၆၀၂) ဧက စုစုပေါင်း (၄၅၁၄၉) ဧက စိုက်ပျိုးရမည်ဖြစ်သည်။ စလင်းမြို့နယ်အတွင်း နေကြာမျိုးစေ့ မပြတ်စေရေး မျိုးစေ့များ ဒေသအတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်၍ စလင်းမြို့နယ် ဖောင်းလင်းကျေးရွာနှင့် အင်ကြင်းပင် လှကျေးရွာအုပ်စုတို့တွင် မေလ (၂၀) ရက်နေ့မှ စတင်ကာ ယနေ့ မေလ (၂၃) ရက်နေ့အထိ ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်မှုကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။
၂၀၂၂  ခုနှစ်၊  ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂  ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားခရိုင်အတွင်း (၅) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်အားကစားကွင်းအတွင်းရှိ အားကစားခန်းမဆောင်၍ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့်   ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။