ဒေးဒရဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူး ဒေါ်နီနီမြင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီရည်ရွယ်ချက်များ၊ ကော်မတီဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးလျက်ရှိသော မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ၊ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာများ ဖွင့်လှစ်ထားမှု၊ ကလေးများ အာဟာရပြည့်ဝစွာဖွံ့ဖြိုးစေရန် ထောက်ပံ့ပေးခြင်းများ၊ တိုင်ကြားလာသည့် ကလေးသူငယ်ကိစ္စရပ်များအား နှစ်သိမ့်ဆွေးနွေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးခြင်းနှင့် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမော်က ဌာနဆိုင်များနှင့်ပူပေါင်း၍ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ဟောပြောပွဲများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်သွားနိုင်ရေး ကိစ္စရပ်များကို တင်ပြရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က လုပ်ငန်းများ အောင်မြင်ပြီးစီးရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း