သတင်းများ

မိုးညှင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်သင်တန်း ဖွင့်လှစ်သင်ကြား
May 23,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက် အရိုးဗစ်အတတ်ပညာကို လေ့လာတတ်မြောက်စေရန် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အေရိုးဗစ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်မှစတင်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကညင်တိုင်းကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အရေးပေါ် အသက်ကယ်ရန်အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ် သိနားလည်စေရန်အတွက်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့၌ သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စုများအတွက်ဆန်ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များလှူဒါန်း
May 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံတက်ခြင်းကြောင့်ရေကြီးမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)သင်္ကန်းညီနောင်မှ ဆန်၊ ခေါက်ဆွဲခြောက်နှင့် သောက်ရေသန့်များ ယနေ့နံနက် ၁၀ နာရီခွဲက အထက(၃)ကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses ၊ second doses နှင့် Booster doses များ ဆက်လက်ထိုးနှံပေး
May 23,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး first doses၊ second doses နှင့် Booster doses များ မိုးကောင်းမြို့တော်ခန်းမ၌ ယနေ့ နံနက် (၉)နာရီအချိန်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
May 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆောင်းပါး ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး
May 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။
မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး  
May 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။