သတင်းများ

ပြည်နယ်သယံဇာတရေးရာ၀န်ကြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ် ၄ ဖွင့်ပွဲ အခမ်းအနားတက်ရောက်
May 23,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်  ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၄)ဖွင့်ပွဲ အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများအား၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် စာရေးခုံ(၁၀၀)ရာခိုင်နှုန်းပြီးစီး
May 23,2022
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်းခွဲများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပညာကိုကောင်းမွန်စွာ သင်ကြားနိုင်ရေးအတွက် မေလ ၅ ရက်နေ့မှ စတင်ကာ အာရှကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ  ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်
May 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဈေးများတွင် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်နေမိဘပြည်သူများ၊ စျေးသည်များနှင့် စျေးဝယ်များအား
သရက်မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ (မိုးအကြို) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီ (မိုးအကြို) စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီက သရက်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝင်းအတွင်းတွင် ကျင်းပသည်။        
ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စွန့်ပစ်ပစ္စည်းပလတ်စတစ်ဘူးဖြင့် ပန်းအိုးပြုလုပ်နည်းဆောင်ရွက်
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် စွန့်ပစ်ပစ္စည်းဖြင့် ပန်းအိုးပြုလုပ်နည်းကို ‌ယနေ့ နံနက် ၉ နာရီ အချိန်ကစ၍ (၁၁)နာရီအထိ ပို့ချသင်ကြားပေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌‌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
May 23,2022
ပြန်ကြား‌ရေးနှင့်ပြည့်သူဆက်ဆံ‌ရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊
၂၀၂၂ - ၂၀၂၃ ဘဏ္ဍနှစ် ကန့်ဘလူခရိုင်အတွင်း လမ်း၊ တံတားလုပ်ငန်း (၂၀) ခုအား ကျပ်သန်း ၃၀၀၀ ခန့်ဖြင့်ဆောင်ရွက်မည်
May 23,2022
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အတွင်း လမ်း၊ တံတားလုပ်ငန်း (၂၀) ခုကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။
ဖောင်းပြင်မြို့နယ်၌ ကုန်းလမ်းပို့ဆောင်ရေး ကားဂိတ်နှင့် ဈေးဆိုင်ခန်းအတွက် အဆောက်အဦးဆောက်လုပ်
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က ကုန်းလမ်းပို့ဆောင်ရေးတွင် အသုံးပြုသည့် လူစီးသီးသန့်ကားများ၊ ကုန်စည်စီးဆင်းမှုတွင် အသုံးပြုသည့် ကုန်တင်ကားကြီးများ ပြေးဆွဲရာတွင် အဆင်ပြေစေရန်နှင့် ကားဂိတ်များကို မှီခိုပြီး ဈေးရောင်း​၊ ဈေးဝယ်ပြုလုပ်နေသည့် ဈေးသည်များ ဈေးရောင်းချရာတွင် အဆင်ပြေစေရေးအတွက် အဝေးပြေးကားဝန်းနေရာ၌ ကားဂိတ်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ခဲ့ကြောင်း ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့က အကြီးတန်းအင်ဂျင်နီယာ ဒေါ်အေးမြတ်မွန်ထံမှ သိရသည်။