ပြင်ဦးလွင် မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ၂၀၂၂ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားခရိုင်အတွင်း (၅) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက ခရိုင်အားကစားကွင်းအတွင်းရှိ အားကစားခန်းမဆောင်၍ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက၂၀၂၂ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားခရိုင်အတွင်း (၅) မြို့နယ်၊ အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ခရိုင်အတွင်း( ၅ ) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို (၂၃-၅-၂၀၂၂) ရက်နေ့မှ (၂၅-၅-၂၀၂၂)ရက်နေ့အထိ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်လျက်ရှိပြီး ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)