မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၅၀)ဦးအား Booster (Astra Zeneca) ကာကွယ်ဆေးများထိုးနှံပေး

မိုင်းငေါ့ မေ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့   အသက်(၄၀) အထက် ပြည်သူများအား တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင်  ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် တတိယအကြိမ် Booster အပိုဆောင်းကာကွယ်ဆေး လာရောက်ထိုးနှံသူ  ကျား(၁၉)ဦး၊ မ (၃၁)ဦး   စုစုပေါင်း (၅၀) ဦးတို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့်အဖွဲ့က မိုင်းငေါ့မြို့  အ.မ.က ကျောင်း တာလုံတွင် ထိုးနှံပေးခဲ့ပါသည်။ 

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)