သတင်းများ

ထားဝယ်မြို့​​နယ်၊ ဆေးရုံလမ်းရှိဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်းဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ကြည်ရှုစစ်ဆေး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ​​ဆေးရုံလမ်းရှိ ဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိ၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ‌ရေရှည်တည်တံ့စွာလည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
May 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာလည်ပတ်နိုင်ရေးအတွက် ကွင်းဆင်း၍ စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။                                                                                           
မိုင်းပန်မြို့နယ်၌ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြား
May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲအချိန်က အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် တိုင်းရင်းသားဘာသာသင် ဆရာ/မများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ အခြေခံပညာကျောင်းများမှ တိုင်းရင်းသားဘာသာသင် ဆရာမ/များအနေဖြင့် တိုင်းရင်းသားစာပေများသင်ကြားရာတွင် အဆင့်မီသင်ကြားနိုင်ရန်အတွက် မွမ်းမံသင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မဲဆမိတ်ကျေးရွာ အထကကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမှရန်ကုန်သို့ထွက်ခွာလာသည့် ချမ်းမြေ့အောင်ခရီးသည် တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
May 23,2022
လပွတ္တာမြို့မှရန်ကုန်သို့ မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်က ထွက်ခွာလာသည့် ချမ်းမြေ့အောင် ခရီးသည်တင် မော်တော်ယာဉ်သည် မြောင်းမြမြို့နယ် အပိုင် (၂၉)မိုင်၊ သိလ္လာလမ်းခွဲ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ယာဉ် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များ ယနေ့ပြန်လည်ရောက်ရှိ
May 23,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ယွက်ဆစ်နှင့်အဖွဲ့ဝင်များသည် ယနေ့နေ့လည် ၁၂ နာရီအချိန်က နေပြည်တော်မှ တပ်မတော်လေယာဉ်ဖြင့် တာချီလိတ်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
May 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
May 23,2022
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာ‌ပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားထားသည့် "အောင်မြင်မှုသို့စေညွှန်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။