သတင်းများ

ဒုံဝန်းကျေးရွာတွင် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ရွှေကြာရံစေတီတော်မြတ်ကြီး၏ ထီးတော်အစိတ်အပိုင်းအား ပြန်လည်တင်လှူပူဇော်
May 23,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းစေတီတစ်ဆူဖြစ်သည့် ရွှေကြာရံစေတီတော်မြတ်ကြီး၌ သဘာဝဘေးကြောင့် ပျက်စီးသွားခဲ့သည့် ထီးတော်အထက်ပိုင်း ပိန္နဲတိုင်နှင့် ငှက်မြတ်နားတော်အပါအဝင် စိန်ဖူးတော်တို့ကို ယနေ့၊ နံနက်ပိုင်းတွင် စေတီတော်အထွတ်သို့ ပြန်လည်တင်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး
May 23,2022
မိုးရာသီလယ်ယာလုပ်ငန်းခွင် စတင်တော့မည်ဖြစ်ရာ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား အတိုးနှုန်းသက်သာစွာဖြင့် မေလ ၁၆ ရက်မှစတင်ကာ တောင်သူ လယ်သမား များ လက်ဝယ်အရောက် စတင်ထုတ်ချေးလျက်ရှိပြီး မေလ ၂၃ ရက်နေ့တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ခြင်းအကျိုးအသိပညာပေး ဟောပြောပွဲဆောင်ရွက်
May 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ပိုင်းအချိန်က စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောပွဲကို အထက်တန်း ကျောင်းသား/သူများနှင့် ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ လုပ်အားကိုအသုံးချ၍ ရောဂါကုသရေး လုပ်ငန်းများ ပိုမိုထိရောက်မှုရှိစေရေး (CHAW) သင်တန်းပို့ချ
May 23,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုထိရောက်မှုရှိစေရန် တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏ လုပ်အားဖြင့် ရောဂါထိန်းချုပ်ကုသပေးနိုင်ရေး (CHAW) သင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် မွေး/ကု ဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဖောင်းပြင်မြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ
May 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန်၊ သဘာဝတောများ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန်၊ ဒေသတွင်းစိမ်း လန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစေရန် ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ဖောင်းပြင်မြို့မှ ဟုမ္မလင်းမြို့သို့သွားရာ ကားလမ်းနံဘေး မြေပုံအညွှန်း 46R- 861855 ၌ ယမန်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းဖွင့်လှစ်
May 23,2022
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း အခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ပွဲ ကျင်းပ
May 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၉၀ တောင်သူ ဦးစိုးဝင်း၏ လယ်မြေတွင် မြေဆီလွှာထိန်းသိမ်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် (Green Menure) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
May 23,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိ စေရန်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။