ကံမမြို့နယ်၌ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် ကြဲပက်ပွဲ ကျင်းပ

ကံမ မေ ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကွင်းအမှတ်-၁၉၀ တောင်သူ ဦးစိုးဝင်း၏ လယ်မြေတွင် မြေဆီလွှာထိန်းသိမ်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် (Green Menure) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များ  စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊    မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လယ်မြေအတွင်းသစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များအား ကြဲပက်ပေးခဲ့ကြသည်။     

ထိုသို့ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များအား ကြဲပက်ခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အစိုဓါတ်ကို ထိန်းသိမ်းပေးပြီး သစ်ဆွေးဓါတ်ကို တိုးတက်စေကာ မြေသားဖွဲ့စည်းမှု ကောင်းမွန်စေ၍ လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်းရှိ  အပင်၏အဟာရဓါတ်များ မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် စိုက်ပျိုးမြေအတွက် မြေသြဇာ အထောက်အပံ့များ ရရှိစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း (ကံမ)