စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိစေရန် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရမည်းသင်း မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာသည့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်တင်ရေးနှင့် စာပေအကျိုးကျေးဇူးများသိရှိ စေရန်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဖုန်းနိုင်က ကျောင်းသားလူငယ်များစာပေဖတ်ရှုသည့်အကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် အပြန်အလှန်ဆွေးနွေးတတ်စေရန်တို့ကို ရှင်းလင်းပြောကြားကာ အားလပ်ရက်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာပေကောင်းများ လာရောက်ဖတ်ရှုကြရန်ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးရာ Grade-7  ကျောင်းသား မောင်ထက်ဝေဟင်မှ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့်၊ “လူငယ်နှင့်ဇွဲ”စာအုပ်မှ တန်ဖိုးအရှိဆုံးအရာစာမူကိုဖတ်ကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်၊ပြန်/ဆက်)