ဒေးဒရဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ယာဉ်များ စည်းကမ်းတကျပြေးဆွဲရေး၊ သတ်မှတ်နေရာများတွင် ယာဉ်များစနစ်တကျ ရပ်နားစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်ဆွေးနွေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက မြို့တွင်းလမ်းမများနှင့် လူစည်ကားရာနေရာများတွင် ယာဉ်များပိတ်ဆို့မှု မရှိစေရေးနှင့် ယာဉ်လိုင်းများ သတ်မှတ်နေရာများမှ စနစ်တကျ ပြေးဆွဲစေရေး ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးရာ တက်ရောက်လာကြသည့် ယာဉ်လိုင်းတာဝန်ခံများက အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြရာ မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း