ထားဝယ် မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ တရားမဝင်ကုန်စည်တားဆီး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ဆေးရုံလမ်းရှိ ဆေးဆိုင်များတွင် ဆေးဝါး/ဆေးပစ္စည်းဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးမှူးဒေါ်မေသန်းနိုင်ဦးဆောင်သောပူးပေါင်းအဖွဲ့များက ဆေးရုံလမ်းရှိဆေးဆိုင်(၆)ဆိုင်တွှင်ဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သောဆေးဝါး ရောင်းချမှုကျင့်စဉ်နှင့်ညီ/မညီ၊ ကောင်းမွန်သောဆေးဝါး သိုလှောင်မှုရှိ/မရှိကြည်ရှုစစ်ဆေးပြီး တရားမဝင်၊ သက်တမ်းလွန်၊ လိုက်စင်မဲ့ဆေးများမရောင်းချရန် အသိပညားပေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆိုင်များတွင် ဆေးဝယ်သူများအားဆေးဝါးဝယ်ယူရာတွင် လိုက်နာရမည့်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီးဆိုင်မျာမှ ဆေးဝါးနမူနာ(၂)မျိုးအားဝယ်ယူ၍ တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးဦးစီးဌာန(ထားဝယ်)ရှိ Mini Lab တွင်ဆေးဝါးများ စံကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)