လပွတ္တာမှရန်ကုန်သို့ထွက်ခွာလာသည့် ချမ်းမြေ့အောင်ခရီးသည် တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

လပွတ္တာ မေ ၂၃

လပွတ္တာမြို့မှရန်ကုန်သို့ မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန်က ထွက်ခွာလာသည့် ချမ်းမြေ့အောင် ခရီးသည်တင် မော်တော်ယာဉ်သည် မြောင်းမြမြို့နယ် အပိုင် (၂၉)မိုင်၊ သိလ္လာလမ်းခွဲ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ယာဉ် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် (၁၄) ဦး ပွန်းပဲ့ထိခိုက်ဒဏ်ရာရရှိပြီး (မစိုးရိမ်ရ)အခြေ အနေဖြင့် မြောင်းမြ ဆေးရုံသို့ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ဆက်)