သတင်းများ

အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိအကြိမ် ​​​ကျေးရွာများသို့ ကွင်းဆင်းထိုးနှံ​ပေး
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ခဲမဖြူ​ကျေးရွာရှိ အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကြိုတင်ကာကွယ်​စေရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ​ကျေးရွာအ​ရောက် ကွင်းဆင်းထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့ နံနက် (၈) နာရီက ခဲမဖြူ​ကျေးရွာရှိ ​​ကျေးလက်​ဆေး​ပေးခန်း၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။
ပူတာအိုခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 23,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးသိရှိနားလည်လာပြီး သစ်ပင်သစ်တောကို ချစ်မြတ်နိုးစိတ် စိုက်ပျိုးလိုစိတ်များ ပေါ်ပေါက်လာစေရန်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်နှင့် ရာသီဥတုမျှတလာစေရန် ရည်ရွယ်၍ ပူတာအိုခရိုင်၏ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင့် ယဉ်ကျေးမှုရုံးဝင်း၌ ကျင်းပသည်။
ကျိုက်ဒုံမြို့တွင် ကွမ်းသီးစိမ်းအနုများ စျေးကောင်းရရှိ
May 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီးယခုနှစ်တွင် ကွမ်းသီးစိမ်းအနုများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံ ပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေတိုးပွားနေကြကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်၌ ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
May 23,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်း၍ ကျင်းပပြုလုပ်သည့် ​ရှေးဦးပြုစုခြင်း(အ​ခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကို လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယ​နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၌ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော် ကျင်းပပြုလုပ်
May 23,2022
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ် ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ အကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဘယလာဘကမ္ဘာ့ငြိမ်းချမ်းရေး ဗျာဒိတ်တော်ပေးဘုရား(၄)ဆူအနီး တောင်ကုန်းတွင် ပြုလုပ်ခဲ့သည်။
လင်းခေးတွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပြည်သူများအား ပင်စင်လစာ လစဉ်ပုံမှန်ထုတ်ပေး
May 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ ယနေ့ နံနက် ၉နာရီခွဲမှ စတင်၍ မြို့နယ်အတွင်း ရှိနိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပြည်သူများအား ပင်စင်လစာ ပုံမှန်ထုတ် ပေးလျက်ရှိကြောင်း သိရသည်။
­ဘုတ်ပြင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့်‌ နေအိမ်တစ်လုံးပြိုကျပျက်စီး
May 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ပန်းဖုံချောင်းကျေးရွာတွင် ယမန်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် ရေနံကြီးကျေးရွာ အုပ်စု၊ ပန်းဖုံချောင်းကျေးရွာ၌နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ
May 23,2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(မူလ)ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။