အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်

ခန္တီး ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ အောင်သီရိဖောင်ဒေးရှင်းမှ အတိုးရငွေများအား ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးလုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးကအဖွင့်အမှာ စကားပြောကြားပြီး အောင်သီရိဖောင်ဒေးရှင်း စာရင်းစစ်အဖွဲ့ခေါင်းဆောင် ဦးငွေထွန်းမှ ဖောင်ဒေးရှင်းနှင့်ပတ်သတ်၍ လုပ်ဆောင်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ဖောင်ဒေးရှင်း အတိုးရငွေများမှ ဒေသဖွံ့ဖြိုးရေးကဏ္ဍအတွက် ကျပ်(၄၀)သိန်း၊ ပညာရေးကဏ္ဍအတွက်ကျပ်(၂၅)သိန်း၊ ကျန်းမာရေးကဏ္ဍအတွက်ကျပ်(၂၅)သိန်း၊ သာသနာရေး ကဏ္ဍအတွက်ကျပ်(၁၀)သိန်း စုစုပေါင်းကျပ်(၁၀၀)သိန်းအား ဖောင်ဒေးရှင်းမှတာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာဌာနအကြီးအကဲများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ယမန်နှစ်ကလှူဒါန်းခဲ့သည့် ထောက်ပံ့လှူဒါန်းငွေများအပေါ် ၂၀၂၁ ခုနှစ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေးအတွက် ခွင့်ပြုသုံးစွဲခဲ့သည့် အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေက ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)