မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညောင်ဦးမြို့နယ် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ညောင်ဦး  ဇွန်  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ လေးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စု (၇)စု၊၏နေအိမ်များပျက် စီးခဲ့ကြောင်း၊ အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ အိမ်ထောင်စုတစ်စုလျှင်  နှစ်သိန်းကျပ်ထောက်ပံ့ပေးအပ်ခြင်းနှင့် လူတစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့်ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း (၃၁၅၀၀၀၀)ကျပ်၊သုံးဆယ်တစ် သိန်းငါးသောင်းကျပ်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လေဘေးသင့်အိမ်ထောင် စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ