ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရှောက်သီးတစ်လုံးလျှင် ငွေကျပ်(၁၀)ကျပ်မှ(၁၃)ကျပ်သာရရှိပြီး ဈေးနှုန်းကျဆင်း

ကြာအင်းဆိပ်ကြီး ဇွန် ၁၀

စားသောက်ကုန်အသီးအနှံများတွင် ရှောက်သီးသည် စားသုံးသူများ စားသောက်သုံးစွဲမှုများ သည့် အသီးအနှံများတွင်ပါဝင်ပြီး နှစ်ရှည်သီးနှံပင်ဖြစ်သည့် ရှောက်ပင်သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ကျေးရွာများ၌ ရာသီ ဥတုနှင့် သဘာဝရေမြေအနေအထားအရ  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့နယ် အတွင်း၌ ရှောက်ပင်စိုက်ပျိုးဧကပေါင်းများစွာရှိပြီး နှစ်စဉ်မိုးရာသီနှင့်နွေရာသီများတွင် ရှောက်သီးများ များစွာထွက်ရှိသည့် မြို့နယ်တစ်မြို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ‌ ရှောက်ပင်မှ‌‌ရှောက်သီးမှာ နွေရာသီ မတ်လနှင့်ဧပြီလ လလယ်ဒုတိယအပါတ်အထိ ရှောက်သီးတစ်လုံးလျင် ငွေကျပ် (၄၅၀)မှ (၅၀၀)ကျပ်အထိ ဈေးနှုန်းကောင်းမွန်စွာရရှိသော်လည်း မေလမှစတင်ကာ မိုးရာသီတစ်လျှောက်တွင် ရှောက်သီးဈေးနှုန်းမှာ တစ်လုံးလျှင်ငွေကျပ် (၁၀)ကျပ်မှ (၁၃)ကျပ်သာရရှိပြီးဈေးနှုန်းအဆမတန်ကျဆင်းလျက်ရှိပြီး အဆိုပါကာလများတွင်ဒေသခံ‌ရှောက်ခြံရှင် တောင်သူများမှာ ခူးဆွတ်၍ သယ်ဆောင်ရောင်းချမှုနည်းပါးလာပြီး ရှောက်သီးရောင်းချမှုမှ ဝင်ငွေများမှာလည်း လျော့နည်းလာကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ရှောက်ပင်စိုက်ပျိုးဧကပေါင်း(၄၁၆၉)‌ဧက‌ကျော်ခန့်ရှိပြီး မြို့နယ်အတွင်း၌ထွက်ရှိသည့် ရှောက်သီးများကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့ မုဒုံမြို့စသည အခြားသောမြို့များနှင့် ရန်ကုန် မြို့သို့ပင်ကူးသန်းရောင်းဝယ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး