သုံးခွ ဇွန် ၁၀
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်နေပြည်သူများ မိုးရာသီကာလရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သက်ထားမြင့်နှင့် ဝန်ထမ်းများကသွားရောက်၍ ခြင်ဆေးဖျန်းခြင်း(ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်းများကို အဖွဲ့ခွဲ၍လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့သို့အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှတ်(၂)ရပ်ကွက်နေပြည်သူများ၏ နေအိမ်များသို့ လိုက်လံ၍ ယမန်နေ့က ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ၀န်ထမ်းများက ကျန်ရှိနေသော စာသင်ကျောင်းများ၊ ရပ်ကွက်များသို့လည်း အပတ်စဉ်ကွင်းဆင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)