ခရမ်းမြို့၌ ပြည်သူများသို့ အသိပညာပေး နံရံကပ်စာစောင်ပြသပွဲကို ခရမ်းမြို့နယ် အ. ထ .က. ( ၁ ) ၌ ခင်းကျင်းပြသ

ခရမ်း ဇွန် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ပြည်သူအသိ ပညာပေးလုပ်ငန်းများအား  ဆောင်ရွက်လျက် ရှိရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာအကြောင်းအရာများ၊ မိုးရာသီအတွင်း ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ ဆိုင်ရာ အသိပညာပေးမှုများနှင့်   ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာ ကိစ္စရပ်များစသည့် ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများကို   ခရမ်းမြို့နယ် Community Centre ခန်းမတွင် ခင်းကျင်းပြသ သကဲ့သို့ ယနေ့ နံနက်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတရရှိစေရန် ခရမ်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း နံရံကပ်ဘုတ်များတွင်  နံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ  ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ နံရပ်ကပ်စာစောင်ပြပွဲသို့  ခရမ်းမြို့နယ်  အ. ထ.က ( ၁ ) ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးသစ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည်ရှုလေ့လာကြရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရမ်းမြို့နယ်ရုံးမှ ဝန်ထမ်းများက ရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )