လှိုင်းဘွဲမြို့(က)ရပ်ကွက်တွင်  ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် အုတ်စီခြင်း လုပ်ငန်းဆောင်ရွက်

လှိုင်းဘွဲ  ဇွန်  ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းတူဖော်ခြင်းလုပ်ငန်းကို လှိုင်းဘွဲမြို့(က)ရပ်ကွက်၊ ဘားအံလမ်း၊ မိုးလုံလေလုံ အားကစားရုံ ရှေ့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ အုတ်စီခြင်းလုပ်ငန်းကို မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၇.၁၃၀)ကျပ်သန်းဖြင့် ရေနုတ်မြောင်းအရှည် (၆၄၀) ပေ၊ အကျယ်(၂)ပေ၊ အနက်(၆)လက်မအား အုတ်စီခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီး သွားပါက မိုးရာသီတွင် ရေစီးရေလာကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)