ရေး ဇွန် ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မေလ ၂၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ထို့နောက် လေဘေးဒဏ်ကြောင့် နေအိမ်အမိုးများ လန်ထွက်သွားသည့် ရင်းရယ်ကျေးရွာအုပ်စု ရင်းရယ်ကျေးရွာနှင့် ရင်းဒိန်းကျေးရွာတို့မှ နေနေအိမ် (၁၀)လုံးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင် ဦးမျိုးအောင်တို့မှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေမှ အိမ်ထောင်စု(၁)စုလျှင် (၅၇၁၄၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၁၀)စုအတွက် စုစုပေါင်းငွေ (၅၇၁၄၀၀) ကျပ်တိတိကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေး (ပြန်/ဆက်)