တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းဆိုင်ရာ အသိပညာပေးဟောပြော

 

တံတားဦး ဇွန် ၁၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဆည်)တို့ပူးပေါင်းပြီး ကျောင်သား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရတနာထွန်းခန်းမ၌ ကျင်းပကျောင်းသိရသည်။

အသိပညာပေး ဟောပြာပွဲတွင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်ဆည်)မှ ဒုရဲမှူးကောင်းမြတ်သူက ကျောင်းသား/သူများအနေဖြင့်  ခြေလျင်လျှောက်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းများ၊  အနှေးယာဉ်စီးသူများ လိုက်နာရမည့် စည်းကမ်းများ၊ ဆိုင်ကယ်စီးသူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်တိုက်မှုများအား အရေးယူတောင်ရွက်နေမှုများ၊ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် (၂၀၂၀)ခုနှစ် ထုတ်ပြန်ခဲ့သော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများကို ပရိုဂျက်တာဖြင့်ပြသ၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး တံတားဦးမြို့ စီမံခန့်ခွဲရေးအဖွဲ့အတွင်း ရေးမှူး ရဲမှူးအေးနိုင်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ကျောက်ဆည်ခရိုင်အနေဖြင့်  မော်တော်ကားပေါင်း (၆၂၉၄)စီး၊ ဆိုင်ကယ်ပေါင်း((၁၀၄၇၇၃)စီး၊ ထော်လာဂျီပေါင်း(၄၆၈)စီး၊ သုံဘီးဆိုင်ကယ်ပေါင်း(၃၈၅၀)စီး၊ စုစုပေါင်း(၁၁၁၉၃၈)စီးရှိပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်(၁)ဦးလျှင် ပျမ်းမျှထိန်းသိမ်းရမည့် မော်တော်ယာဉ်မှာ(၅၈၉၁)စီးဖြစ်ကြောင်း အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်ဆည်)မှ တံတားဦးမြို့နယ် တာဝန်ခံယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲအုပ်မင်းအောင်ထံမှသိရသည်။

ရဲတင့်