မြစ်သားမြို့နယ် ၌ mobile  library စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး

မြစ်သား   ဇွန်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ရှိဝန်ထမ်းများအား သုတ/ရသစာအုပ်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် mobile  library စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခြင်းကို မြစ်သား မြို့နယ်ရှိ ဌာနဆိုင်ရာများသို့အပတ်စဉ်သောကြာနေ့တိုင်းကွင်းဆင်းငှားရမ်းပေးလျက်ရှိ ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)