ကော့မှူး ဇွန် ၁၀
ဌာနဆိုင်ရာရုံးများမှ စာပေချစ်မြတ်နိုးသော ဝန်ထမ်းများအနေဖြင့် အားလပ်သောအချိန်များတွင် စာပေဖတ်ရှုမှုရရှိစေရေး အသိပညာဗဟုသုတကြွယ်ဝစေရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန် နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးတွင် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအရောက် စာပေလေ့လာဖတ်ရှုနိုင်စေရေးအတွက် ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များဖြင့် ပြန်လည်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ