ချောင်းသာ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများကို ယမန်နေ့ည ၈ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့အတွင်း၌ တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီအရောင်းဆိုင်များ အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေး၊ တရားမဝင် ဖြန့်ဖြူးရောင်းချခြင်းနှင့် တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ ဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများ စစ်ဆေးခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုစည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်င ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)