ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်း၍ Fitness Dance သင်တန်းဖွင့်လှစ်

ငပုတော ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Fitness Dance သင်တန်းအား ယမန့်နေ့ ညနေ ၄ နာရီ အချိန်တွင် ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ  ဒေါ်ယွန်းရွှေရည်မြင့်မှ တစ်မျိုးသားလုံး  ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် ပညာရေးဌာနနှင့် ပူးပေါင်း၍ Fitness Dance  သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း  (၁၁၆)  ဦးတက်ရောက်ခဲ့ကြောင်းသိရသည်

အောင်သူ(ငပုတော ပြန်/ဆက်)