သတင်းများ

ခမောက်ကြီးမြို့တွင် ဆေးထိုးအုပ်စုအလိုက် ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
May 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက ဆေးထိုးအုပ်စုအလိုက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက်(၈)နာရီမှစ၍ ထိုးနှံပေးခဲ့သည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
May 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသား၊ သင်တန်းသူများနှင့် ၄ နှစ်သင် ပထမနှစ် (ဒုတိယနှစ်ဝက်)သင်တန်းသူ၊ သင်တန်းသားများအား စတင်ဖွင့်လှစ်သင်ကြား
May 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ၄ နှစ်သင် ပထမနှစ် (ပထမနှစ်ဝက်) တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ၄ နှစ်သင် ပထမနှစ်(ဒုတိယ နှစ်ဝက်)တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ အဆိုပါ ပညာရေးဒီဂရီကောလိပ်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း အတွေ့အကြုံနှင့် သင်ခန်းစာများ မျှဝေဆွေးနွေးပွဲကျင်းပ
May 12,2022
ကုန်သည်စက်မှုအသင်းချုပ်မှ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ အတွေ့အကြုံနှင့် အလုပ်ရှင်များအတွက် လေ့လာမှတ်သားဖွယ်ရာ သင်ခန်းစာများအား ပြန်လည်ရှင်းလင်းဆွေးနွေး ပေးမှုများကြောင့် အငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ရာတွင် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် အသိပညာရှင်များ၊ အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းဆောင်ရွက်ခြင်း အတွေ့အကြုံနှင့် သင်ခန်းစာများ မျှဝေဆွေးနွေးပွဲကို ယမန်နေ့တွင် ကျင်းပခဲ့သည်။
နည်းပညာတက္ကသိုလ် (မန္တလေး)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
May 12,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲဆောင်ရွက်
May 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။
ထားဝယ်နည်းပညာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်
May 12,2022
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ်များတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရပ်နားထားရာ၌ဖွင့်လှစ်ရန် ကျန်ရှိသော ပထမနှစ်မှစတုတ္ထနှစ်ထိ အတန်းများ၊ ပဥ္စမနှစ်အောင်နှင့် ဆဋ္ဌမနှစ်တက်ရန် ကျန်ရှိသောကျောင်းသား/သူများ၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား/သူ များအတွက် တက္ကသိုလ်များဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(ထားဝယ်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။