သတင်းများ

ရေတာရှည်မြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး လုံခြုံရေးဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကျင်းပ
May 14,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး လုံခြုံရေးဆိုင်ရာများ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ 
May 14,2022
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွှဲ ၁ နာရီက ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်သယံဇာတရေးရာ၀န်ကြီး တက်ရောက်
May 14,2022
မွန်ပြည်နယ် ပတ်၀န်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်နယ် ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူ၌ ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ GENDER/CEDAW / NSPAW / UNSCR 1325 အသိပညာပေး အစီအစဉ် ဆောင်ရွက်
May 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ရာ ခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေးက အဖွင့်အမှာစကားပြောကြားသည်။
ဖောင်းပြင်မြို့နယ်တွင် နွေစပါးများ ရိတ်သိမ်း၊ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးခဲ့ခြင်းကြောင့် အထွက်နှုန်းတိုး
May 13,2022
ဖောင်းပြင်မြို့နယ်တွင် နွေစပါးစိုက်တောင်သူများအနေဖြင့် စပါးများ ရိတ်သိမ်းကြပြီဖြစ်ရာ မိရိုးဖလာ စပါးများကို စိုက်ပျိုးခြင်းမပြုဘဲ မျိုးကောင်းမျိုးသန့် စပါးများဖြစ်သော ဧရာမင်း၊  ဆင်းဧကရီ-၃၊ ဂျပန်၊ ဆင်းသုခ စပါးများကို စိုက်ပျိုးခဲ့သည့်အတွက် ယခုနှစ် နွေစပါးရိတ်သိမ်းချိန် စပါးအထွက်နှုန်း ပိုမိုထွက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ကြီးမူလတန်းကြိုကျောင်းတွင် ကလေးသူငယ် ၃၀၀ ဦးအား လက်ခံပြုစုလေ့ကျင့်ပေး
May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအား မေလ ၂ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကလေးသူငယ် ၃၀၀ ဦးအား လက်ခံပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ကဆုန်လပြည့်နေ့ အကြိုအနေဖြင့် ချောင်းဆုံမြို့နယ် မုခနီးကျေးရွာတွင် (၇၃)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ၊ မဟာဒုတ်မဲနှိုက်ပွဲနှင့် နတ်ရေကစားပွဲကျင်းပ
May 13,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ကျေးရွာအတွင်း လူငယ်အဖွဲ့များမှ ဦးဆောင်၍ ကြီးမှူးကျင်းသည့် (၇၃)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ၊ မဟာဒုတ် မဲနှိုက်ပွဲနှင့် နတ်ရေကစားပွဲကို ယမန်နေ့မွန်းလွဲအချိန်က မုခနီးကျေးရွာ ဓမ္မသာလဓမ္မာရုံတွင် ကျင်းပသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ ဆိုက်ဝူး မူကြိုကျောင်းဖွင့်လှစ်
May 13,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထက်ရပ်ကွက်ရှိ ဆိုက်ဝူး မူကြိုကျောင်းကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက သက်ဆိုင်ရာအလိုက် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။