ရမည်းသင်း ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်အဆင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောဦးစီး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက တက္ကသိုလ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်းကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာစီစာကုံး ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင်၊ နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး ပါဝင်ယှဉ်ခဲ့ကြပြီး ဆုရရှိသူများအား ဇွန် ၂၃ ရက်နေ့တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်