မင်းလှ ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်၊ စားသုံးသူရေးရာ အကာကွယ်ပေးရေးနှင့် စားသုံးသူများ၏ အခွင့်အရေးဆိုင်ရာများ၊ ကုန်ညွှန်းအမှတ်အသား၊ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းတို့ကို မေးမြေန်းဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းကပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။
မင်းလှမြို့နယ်အနေဖြင့် ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ယခုပြုလုပ်သော Talk Show အစီအစဉ်ကို We Love Min Hla Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
သန့်ဇင်စိုး(ပြန်/ဆက်)