သတင်းများ

မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
May 13,2022
မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်‌နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းဆောင်ရွက်
May 13,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယနေ့နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
နမ္မတူမြို့နယ်တွင် အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ ၂၂ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေး
May 13,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၄၀)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၂ ဦးအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရသည်။
စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ကြရန် အသိပညာပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက်
May 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန်ကူးစက်မြန်ရောဂါ အကြောင်းနှင့်ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
တကောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
May 13,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး(Talk Show)ကျင်းပ
May 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့မွန်းလွှဲ ၁ နာရီအချိန် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကလောမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး(Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်၌ လူငယ်များ ဘဝတိုးတက်အောင်မြင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
May 13,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Youth Club အသင်းဝင် လူငယ်၊ လူရွယ်များစုပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အကြီးကိုကို (ကသာ) ရေးသားသည့် “ဖေဖေ့နှလုံးသွေးစက် (လူငယ်ဘဝ တိုးတက်အောင်မြင်ရေးလမ်းညွှန်စာစုများ” သုတစာအုပ်ဖြင့် အသိပညာ ပေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။
မိုင်းဆတ်မြို့၊ ကာနကျေးရွာ၌ SMART VALLAGE အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေး
May 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ကာနကျေးရွာ၌ SMART VALLAGE အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီခွဲက ကာနကျေးရွာ ဘုရားရှိခိုးကျောင်းတွင် တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။