ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုဇဉ်းခေါင်းထိုးနည်းသင်တန်းဆင်းပွဲကျင်းပ
May 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မြို့အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်(Youth Club)အသင်းမှလူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ တစ်ဖက်တစ်လမ်းမှမိသားစု အပိုဝင်ငွေရရှိရန်အတွက် ရည်ရွယ်၍ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အိမ်တွင်းမှုလုပ်ငန်းပညာရပ်တစ်ခုဖြစ်သည့် ပုဇဉ်ခေါင်းထိုးနည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃)နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီကျင်းပခဲ့သည်။