သတင်းများ

လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကဆုန်လပြည့်နေ့ အကြောင်းသိကောင်းစရာ Talk Show ကျင်းပ
May 13,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကဆုန်လပြည့်နေ့ အကြောင်းသိကောင်းစရာများ Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
မြို့နယ်ပြန်ဆက်ရုံးတွင်အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်း ဆင်းပွဲကျင်းပ
May 13,2022
မန္တလေးအောင်မြေသာစံမြို့နယ်၊ ပုလဲငွေ ရောင်ရပ်ကွက်၊ ၈၆လမ်း၊ ၂၁× ၂၂လမ်းကြား၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  Community Centre ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဌေးအောင်း (ဌေးအောင်-မန်းတက္ကသိုလ်)၊ မြို့နယ်စာရေးဆရာအသင်းနာယကများဖြစ်ကြသော ဦးလှဘော် (မအူပင်လှဘော်)၊ ဦးကံလှ (မောင်ခိုင်ဖြိုး-ဇေယျာဦး)၊ မြို့နယ်ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်နှင့် အဖွဲ့ဝင်များ၊ ပန်းချီသင်တန်းဆင်းကျောင်းသား/သူများ တက်ရောက်ကြသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံ ကွန်ပျူတာသင်တန်း ( ၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်
May 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း ( ၁/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် (Community Centre) ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍
ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်
May 13,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁:၀၀)နာရီက ကွန်ပျူတာတက္ကသိုလ် (ဘားအံ) ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ လူငယ်လူရွယ်လေးများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌   စကားပုံဆက်ပြိုင်ပွဲကျင်းပ
May 13,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  စကားပုံဆက်ပြိုင်ပွဲကျင်းပကြောင်းသိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
May 13,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့်ကျေးရွာများတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။