ကျောက်ဆည်မြို့နယ်တွင် မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းဆောင်ရွက်

ကျောက်ဆည် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြောက်ဘက်အထွက် ရန်ကုန်-မန္တလေးကားလမ်းနှင့် မြို့ရှောင်လမ်းဆုံ လမ်းဘေးဝဲ/ယာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျိုးပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးခြင်းကို ဇွန်(၁၈)ရက်နံနက်(၇)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ဦးက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ရှောင်လမ်းသစ်နှင့် ရန်ကုန်-မန္တလေးကားလမ်းမအဆုံ၊ မြို့အဝင်/မြို့အထွက် နေရာများတွင် အရိပ်ပင်များ/ပန်းအလှပင်များကို မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတာ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ပျိုးပင်များရှင်သန်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ မြို့ရှောင်လမ်း ဆောက်လုပ်ရေး ကုမ္ပဏီတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ငုရွှေဝါ(၁၂၀)ပင်၊ စိန်ပန်း(၉၀)ပင်၊ တစ်မာ(၉၀)ပင် စုစုပေါင်း ပျိုးပင် (၂၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်သစ်တော်ဦးစီးဌာနအနေဖြင့် ဒေသအတွင်း စိမ်းလန်းစိုပြည်စေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျိုးပင်ပေါင်းတစ်သိန်းခွဲကျော်ပျိုးထောင်ထားရှိပြီး လိုအပ်သည့်နေရာတွင် အခမဲ့ဖြန့်ဝေ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရကာ ယခုအခါ ပျိုးပင်ပေါင်း(၉၀)ရာခိုင်နှုန်းခန့် ဖြန့်ဝေပြီးကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောပြ၍သိရှိရသည်။  

သက်မောင်