ဖျာပုံ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ် ဘောလုံးပြိုင်ပွဲ ကျင်းပရေး ကော်မတီတို့ပူးပေါင်း၍ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးနှင့် မျိုးဆက်သစ် ဘောလုံးသမားကောင်းများပေါ်ထွက် လာစေရန် ရည်ရွယ်၍မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလားအသက် (၂၂)နှစ်အောက် ဖိတ်ခေါ်အမျိုးသား ဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်သည်။
အဆိုပါမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားအသက် (၂၂)နှစ်အောက် ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စစ်ကြောင်းမှူးဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများမှ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအား အလေးပြုခြင်း၊ တန်းအပ်ခြင်းနှင့်အား ကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များက အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး ပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ပထမပွဲစဥ်အဖြစ် (၁၇၊ ၁၈၊ ၁၉ ရပ်ကွက်၊အောက်ကွင်းကျေးရွာ) အသင်းနှင့် အပြောင်ကျေးရွာ အသင်းတို့ ယှဥ်ပြိုင်ကြရာ (၂)ဂိုလ်းစီးသရေကျသွားပြီး အဆိုပါပြိုင်ပွဲသို့ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၅)သင်း ဝင်ရောက်ယှဥ် ပြိုင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)