ကျောက်တန်းမြို့နယ်  စာပေအသိပညာတိုးပွားရေး အသိပညာပေးဟောပြောပွဲနှင် စာအုပ် စာစောင်များ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်တန်း ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌စာပေ အသိပညာတိုးပွားရေး အသိပညာပေးဟောပြောပွဲ အောင်သုခ အ.မ.က ​ကျောင်း၌ ကို ယနေ့နံနက်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက စာ​ပေ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက်  ရည်ရွယ်၍ ပြောကြားရခြင်းဖြစ်ကြောင်း စာပေ အသိပညာသည် ဘ၀အတွက် မရှိမဖြစ် လိုအပ်တာဖြစ်ကြောင်း စာပေများများဖတ်ရှု့မှ ဘ၀မှာ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်မှာဖြစ်ကြောင်း ၊ ယနေ့အခါမှာ စာပေဖတ်ရှု့သူ နည်းပါးလာပါကြောင်းနှင့် စာပေကြောင့်ရရှိနိုင်သည့် အသိဥာဏ်​၊ အခွင့်အရေးများကို ဆုံးရှုံးရပါကြောင်းစသည့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော  မူးယစ်ဆေး၀ါး နံရံကပ်စာစောင်နှင့် လူငယ်ဆိုင်ရာအသိပညာပေးစာအုပ်စာစောင် များပြသခဲ့​ကြောင်းသိရသည်။

နေလင်းကျော် (ပြန်/ဆက်)