တံတားဦး ဇွန် ၂၅
ကျောကင်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်သား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အသိပညာပေးဟောပြာပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား/သူများအား ခြေလျင်လျှောက်သူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းများ၊ အနှေးယာဉ်စီးသူများ လိုက်နာရမည့် စည်းကမ်းများ၊ ဆိုင်ကယ်စီးသူများ လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်တိုက်မှုများ အရေးယူတောင်ရွက်နေမှုများ၊ ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် (၂၀၂၀)ခုနှစ် ထုတ်ပြန်ခဲ့သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများကို ပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တံတားဦးမြို့ အခြေခံပညာအလယ်တန်းကျောင်း မြို့မကျောင်းသား/သူများ တက်ရောက်ကြပြီး ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် မြို့နယ်ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက မိမိလေ့လာထားသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရသည်။
ရဲတင့်