လက်ပံတန်းမြို့၌ မိုးရာသီတိရစ္ဆာန်အစာ နေဗီယာမြက်သရုပ်ပြစိုက်ပျိုး

လက်ပံတန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂ခုစ် ဇွန် ၂၅ ရက်တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက လက်ပံတန်းမြို့နယ် ဆင်တလင်းကျေးရွာအုပ်စု ဆင်တလင်းကျေးရွာ တောင်သူဦးသန်းလှိုင် ပိုင်ယာမြေ တစ်ဧကတွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

သရုပ်ပြပွဲသို့ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းနှင့် ဝန်ထမ်းများ၊ ဌာဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းအားဖြင့် မွေးမြူသူတောင်သူများအတွက် တိရစ္ဆာန်အစာပင်ကို ကိုယ်တိုင်စိုက်ပျိုးမွေးမြူခြင်းဖြင့် အဟာရတန်ဖိုးမြင့်မားသောအစာကို ကျွေးမွေးနိုင်ခြင်းကြောင့် ကြီးထွားနှုန်းမြင့်မားပြီး ထုတ်လုပ်မှုကောင်းစွာရရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အစာရေစာရှားပါးချိန်တွင် ဖူလုံလောက်ငှမှုရှိခြင်းတို့ကြောင့် မိရိုးဖလာကျွေးမွေးမှုပုံစံမှသည် အဟာရဓာတ်ပြည့်ဝသော ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ရန်အတွက် မွေးမြူသူများအနေဖြင့် စိတ်ပါဝင်စားစွာ လိုက်ပါစိုက်ပျိုးနိုင်စေရန်နှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာစိုးမိုးဝင်းက ပြောကြားသည်။

မြို့နယ် (ပြန်/ဆက်)