နမ့်ဆန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသ

နမ့်ဆန်  ဇွန်   ၂၅ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား/ ကျောင်းသူလေးများ အတွေးအခေါ်များရင့်သန်လာစေရန် ယှဉ်ပြိုင်ခြင်း၊ အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၅)ဦး တို့ကဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သောနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)