မိုင်းတုံမြို့၊ အထက မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းတုံ ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုငမးဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထကမိုင်းတုံစာသင်ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလွင်မိုးက ၂၀၂၁-၂၀၂၂ပ ညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ချီးကျူးဂုဏ်ယူကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဘက်စုံထူးချွန်သော အနာဂတ်လူငယ်များ သင်ကြားမွေးထုတ်ပေးစေလိုကြောင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်ဇံဝေက တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနည်းတူ အခြားကျောင်းသား၊ ကျောင်းသူများမှ လူရည်ချွန်၊ လူရည်မွန်များဖြစ်အောင် အတုယူသင့်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး  ကျောင်းအုပ်ဆရာမကြီးဒေါ်သွယ်သွယ်ဟန်က  ကျောင်းဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ပြောကြားပြီး ‌​ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အတန်းအလိုက်ဘာသာပြဆုရရှိသည့် ဆရာ၊ ဆရာမများ၊  ပညာရည်ချွန်ဆုရရှိခဲ့သူများအား  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမြင့်အောင်နှင့် တာဝန်ရှိ သူအသီးသီးတို့ကပေးအပ်ရာ သက်ဆိုင်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆုများကိုလက်ခံရယူခဲ့ကြသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ‌ပေးခဲ့ကြကြောင်း သိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)