ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ဗန်းမော်      ဇွန်     ၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို ဗန်းမော်တက္ကသိုလ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းနှင့် ဝန်ထမ်းများတို့က ပူးပေါင်း၍ ဇွန်လ ၂၁ ရက်နေ့တွင် စတင်၍ ဗန်းမော်တက္ကသိုလ်မှ ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အသင်း(၇)သင်းဖြင့် ကျင်းပခဲ့ပြီး ပထမဆုကို ဗန်းမော်တက္ကသိုလ်မှ ဘူမိဗေဒအထူးပြု ဘာသာရပ်အသင်းက လည်းကောင်း၊ ဒုတိယဆုကို သမိုင်းအထူးပြုဘာသာရပ်အသင်းက လည်းကောင်း၊ တတိယဆုကို ပထဝီဝင်အထူးပြုဘာသာရပ်အသင်းကလည်းကောင်း ဆုများရရှိကာ ဗန်းမော်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအောင်ကျော်သင်နှင့် ပါမောက္ခဌာနမှူးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)